Copyright 2020 - © Moscow Buddha Centre. All right reserved. Developed by: HT

၂၀၁၇ ခု ဒီဇင်ဘာ ၂၄ နံနက်ပိုင်း မြန်မာထေရ၀ါဒဗုဒ္ဓစင်တာတွင် စစ်တက္ကသိုလ်အပတ်စဉ် (၅၀) သင်တန်းဆင်းအရာရှိများစုပေါင်း၍ ကျောင်းဆင်းနှစ်ပတ် လည်မင်္ဂလာအကြောင်းပြုကာ သံဃာတော်များအားဆွမ်းကပ်ခြင်း၊ တရားနာ ခြင်းစသောကုသိုလ်ကောင်းမှုများ ပေါင်းစု၍ပြုလုပ်ခဲ့ကြသည်။ ထိုနောက် ပြုသမျှ ကုသလအ၀၀ကို တိုင်းပြည်အတွက် အသက်စွန့်သွားကြသည့် တပ်မတော်သားအပေါင်းနှင့်တကွ သုံးဆယ့်တစ်ဘုံ ဝေနေယျသတ္တ၀ါ အပေါင်းတို့အား ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။ အမျှရ၍ အမျှယူ၍ ကောင်းရာဘ၀ လားရောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။