Copyright 2019 - © Moscow Buddha Centre. All right reserved. Developed by: HT

၂၀၁၇ ခု၊ ဒီဇင်ဘာ ၁၇ ရက် နံနက်အချိန် မြန်မာထေရ၀ါဒဗုဒ္ဓစင်တာတွင် မြန်မာနိုင်ငံနိုင်ငံ စစ်တက္ကသိုလ်အပတ်စဉ် (၄၆) နှင့် အပတ်စဉ် (၄၇) သင်တန်းသားအရာရှိများပေါင်းစု၍ မိမိတို့၏ကျောင်းဆင်းနှစ်ပတ်လည်မင်္ဂလာ အကြောင်းပြုကာ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ တရားနာခြင်း၊ န၀ကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်းခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ထိုနောက် ပြုသမျှ ကုသလအ၀၀ကို တိုင်းပြည်အတွက် အသက်စွန့်သွားကြသည့် တပ်မတော်သားအပေါင်းနှင့်တကွ သုံးဆယ့်တစ်ဘုံ ဝေနေယျသတ္တ၀ါ အပေါင်းတို့အား ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

အမျှရ၍ အမျှယူ၍ ကောင်းရာဘ၀ လားရောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။