Copyright 2019 - © Moscow Buddha Centre. All right reserved. Developed by: HT

၁၀.၁၂.၂၀၁၇ နေ့တွင်ကျရောက်သည့် စစ်တက္ကသိုလ်အပတ်စဉ် (၅၃) သင်တန်းသားအရာရှိများစုပေါင်း၍ (၇)နှစ်ပြည့် ကျောင်းဆင်းနှစ်ပတ်လည်မင်္ဂလာအကြောင်းပြုကာ မြန်မာထေရ၀ါဒဗုဒ္ဓစင်တာတွင် အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်းစသောကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက်ပြုသမျှ ကုသလအ၀၀ကို တိုင်းပြည်အတွက်အသက်စွန့်သွားကြ သော တပ်မတော်သားများနဲ့ သုံးဆယ့်တစ်ဘုံ ဝေနေယျသတ္တ၀ါအပေါင်းတို့ အား ရေစက်သွန်ချအမျှပေးဝေခဲ့ကြပါသည်။

…. သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ …..