Copyright 2019 - © Moscow Buddha Centre. All right reserved. Developed by: HT

၂၀၁၇ ခု နိုဝင်ဘာ ၁၉ ရက်တွင်ကျရောက်သည့် DSA INTAKE 57 နှစ်ပတ်လည်အခမ်းအနားကို အကြောင်းပြု၍ မြန်မာထေရ၀ါဒဗုဒ္ဓစင်တာတွင် ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော DSA အပတ်စဉ် ၅၇ သင်တန်းသားအရာရှိများစုပေါင်း၍ သံဃာတော်အရှင်မြတ်အား ဆွမ်းကပ်ခြင်း၊ တရားနာခြင်းစသော ကုသိုလ်ကောင်းမှုများကို ပေါင်းစု၍ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပြုပြုသမျှ ကုသလအ၀၀ကို တိုင်းပြည်အတွက် အသက်စွန့်သွားကြသော တပ်မတော်သားများနဲ့ ၃၁ ဘုံ ဝေနေယျသတ္တ၀ါအပေါင်းအား ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

….. သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ ……