Copyright 2019 - © Moscow Buddha Centre. All right reserved. Developed by: HT

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှတို့အား အမှူးထား၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေ နှင့် ဇနီး ဒေါက်တာဒေါ်မိုးမိုးမြတ်တို့မှ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး နှင့် ဗုဒ္ဓစင်တာ(မော်စကို)မှ အရှင်အစ္ဆရိယ၊ အရှင်နန္ဒမာလာလင်္ကာရတို့အား နေ့ဆွမ်းကုသိုလ် ကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဤသို့သော ဆွမ်းကုသိုလ်ကြောင့် စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ညွန့်ဆွေ နှင့် ဇနီးဒေါက်တာဒေါ်မိုးမိုးမြတ် မိသားစုတို့အနေဖြင့် ဆွမ်းဒါနအကျိုး(၅)ပါး ဖြစ်သော
(၁) အာယု- အသက်ရှည်ခြင်း၊
(၂) ၀ဏ္ဏ-အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ- ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ- ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန- သင့် မသင့် မှန် မမှန် ဝေဖန်ဥာဏ်ရှိခြင်းစသော ကုသိုလ်ထူးများရရှိကြသည့်အပြင် နိဗ္ဗာန်မဂ်ဖိုလ်သို့ ရောက်ရာရောက်ကြောင်းဖြစ်သော ဗောဓိဉာဏ်ကိုလည်း ရရှိနိုင်ကြပါစေခင်ဗျာ....။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သတင်း- ဗုဒ္ဓစင်တာ(မော်စကို)
MTL