Copyright 2019 - © Moscow Buddha Centre. All right reserved. Developed by: HT

ဆရာတော်လောင်းလျာကို မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက်(၆.၁၀.၁၉၇၇)၊ တနင်္ဂနွေနေ့ တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ရွာ၌ ခမည်းတော် ဦးလှထွန်း၊ မယ်တော် ဒေါ်ကျန်မေ တို့မှ ဖွားမြင်ခဲ့ပါသည်။၁၃၅၁(၁၉၈၉) ခုနှစ်တွင် လောင်းရှည်မြို့ အုတ်တိုက်ကျောင်း၌ ဆရာတော် ဦးကလျာဏကို ဥပဇ္ဇျာယ်ပြုကာ အသက် (၁၂) နှစ်သား အရွယ်တွင် ရှင်သာမဏေဘောင်သို့ ဝင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် မန္တလေးတိုင်း မတ္တရာမြို့ သို့ ပြောင်းရွှေ့ကာ ရေနားကျောင်းဆရာတော် ဦးအရိယထံတွင် ၃ နှစ်တိုင်တိုင် ရှင်ကျင့်ဝတ်၊ သေခိယ၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ လောကနီတိ၊ ဆယ်စောင်တွဲ၊ အခြေခံသဒ္ဒါ၊ သဂြိ င်္ုဟ်စာပေများ သင်ကြားခဲ့သည်။၁၃၅၄(၁၉၉၂) ခုနှစ်တွင် အခြေခံမူလတန်းကို အောင်မြင်ခဲ့သည်။ ၁၃၅၅(၁၉၉၃) ခုနှစ်တွင် ရွှေင်္ဟသာတိုက်သစ် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့သို့ ရောက်ရှိကာ ထိုနှစ်မှာပင် ပထမငယ်တန်းကို အောင်မြင်ခဲ့သည်။ ၁၃၅၆(၁၉၉၄)ခုနှစ်တွင် ပထမလတ်တန်းနှင့် သာမဏေကျော် ပထမအဆင့်ကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၃၅၈(၁၉၉၆)ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက် ဗုဒ္ဓဟူးနေ့တွင် မတ္တရာမြို့ ရေနားကျောင်းတိုက်၌ ရဟန်းဒါယကာ ဦးနေဝင်း+ရဟန်းဒါယကာမ ဒေါ်ခင်စိန်တို့၏ အထောက်အပံ့ဖြင့် ရဟန်းဘောင်သို့ ရောက်ရှိခဲ့သည်။ ၁၃၅၉(၁၉၉၇)ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းတိုက်သို့ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ်တွင်ပင် ပထမကြီးတန်းအောင်မြင်ခဲ့သည်။ ၁၃၆၀(၁၉၉၈)မှ ၁၃၆၁(၁၉၉၉)အထိ စာချတန်းဆိုင်ရာ ကျမ်းရိုးနည်းစနစ်များကို လေ့လာခဲ့သည်။ ၁၃၆၂(၂၀၀၀)ခုနှစ်တွင် ဆရာဖြစ်သူ၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်သို့ တက်ရောက်ကာ လေးနှစ်သင်တန်းကာလာ ပြီးဆုံးပြီးနောက် ၁၃၆၅(၂၀၀၃)ခုနှစ်တွင် သာသနတက္ကသီလာဓမ္မာစရိယ B.A(Buddhism) ဘွဲ့တံဆိပ် ရရှိတော်မူခဲ့သည်။ ၁၃၆၇(၂၀၀၅)ခုနှစ်-B.Aတန်း လေးနှစ်အပြီးတွင် ဂုဏ်ထူးတန်းတက်ရန် ရွေးချယ်ခံရသဖြင့် သာသနတက္ကသီလာမဟာဓမ္မစရိယM.A(Buddhism) သင်တန်းကို နှစ်နှစ်သင်တန်းကို လေ့လာသင်ယူခဲ့သည်။ ၁၃၆၈(၂၀၀၆)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ သွားရောက်ကာ ၂၀၀၇ ခုနှစ်တွင် Buddhist and Pali university မှ M.A တန်းကို အောင်မြင်ခဲ့သည်။ ၁၃၇၀(၂၀၀၈)ခုနှစ်တွင် Department of Pali and Buddhist Studies,Banaras Hindu University, Varanasi,U-P,India သို့ သွားရောက်၍ "A Critical Study of Environmental Ethics in Buddhism"ဟူသော ခေါင်းစဉ်ဖြင့် Ph.D တန်းကို တက်ရောက်ခဲ့သည်။ ၁၃၇၃(၂၀၁၁)ခုနှစ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့တွင် Ph.Dဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးရရှိတော်မူခဲ့သည်။ ၁၃၇၃(၂၀၁၁)ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် သီတဂူကမ္ဘာ့တက္ကသိုလ်၊စစ်ကိုင်းသို့ ပြောင်းရွှေ့၍ ဘာသန္တရဌာနတွင် သာသနာ့တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၃၇၇(၂၀၁၅) ဂျူလိုင်လ ၁ ရက်နေ့တွင် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ ရွေးချယ်တာဝန်ပေးချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ကြွရောက်၍ ယနေ့ထိတိုင် ကျောင်းထိုင်ဆရာတော်အဖြစ် သာသနာ့တာဝန်များ ထမ်းဆောင်တော်မူလျက်ရှိပါသည်။
ဗုဒ္ဓစင်တာ(မော်စကို)